Wednesday 26 April 2017

ရွှေဝါရောင်ကကြိုး


လေရူးငယ်ပွေ

ပင်ဟောင်းတွေ ပိရစ်ဖူးလို့

ပိတောက်ကယ် သူမနှေး


ပွင့်လုဟန်ချီ။

ချီသာချီ


မာန်ရယ်က မရှိသေး


ပင်ယံမှာ ရွှေရောင်ခစဉ်က


ငွေမှုံတွေ တစ်စွေဖြန်းတာမို့


သည်အတာ အပီ 'က' ရန်ဖြင့်


မိုးညိုရေ.. သွန်းလိုက်ချေစမ်း ။ ။


#လင်းသစ်နွေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...