Friday 13 May 2016

တိမ်လိုလူ


ထုထည်မဲ့ ခံစားချက်တွေနဲ့

စနစ်တကျယက်လုပ်ထားတဲ့

ငါဟာ...

လေနှင်ရာကို ရွက်လွှင့်

ဆေးစက်ကျရာ အရုပ်ထင်

အိမ်ဆိုတာ မိုးကုတ်စက်ဝိုင်းရဲ့ တစ်နေရာရာ။


တစ်ခါတစ်လေ ဖြူစင်ပေမယ့်

တစ်ခါတစ်လေ ညစ်ထေး

လူသားတွေပျော်ဖို့ ငါငိုပေးတယ်..။


ကောင်းကင်ပြာမှာနားခိုချင်ပေမယ့်

ကြမ္မာစက်ဝိုင်းရိုင်းလေတိုင်း

မုန်တိုင်းတွေထဲရှိခဲ့ဖူးတယ်..။


တစ်ကယ်တော့ မောင်က

တိမ်လိုလူ.....။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...