Friday 13 May 2016

ဖတ်စာ



ညတစ်ခွက်ကို အရည်ဖျော်သောက်ရင်း

မျှော်လင့်ချက်ပါးပါးကို အရောင်တင်နေမိတုန်းး


တစ်ခါတစ်ခါတော့ လှော်တတ်တွေက လေးလံလွန်းတယ်

ဟုတ်တယ်...

သာမန်အရေခြုံထားတဲ့ မောဟတွေ

တွန့်လိပ်ကြေမွနေတဲ့ စီးကရက်တွေ

နောက်ပြီး အာဏာရှင်ဆန်တဲ့ မိန့်ခွန်းတွေ...

... တွေ

... တွေ

...


ကြိုးညှိစရာရှာမရတဲ့ ယန္တယားတစ်ခု

နင့်ရဲ့ အပြုံးကို လောင်စာလုပ်

အခုထိတော့ လည်ပတ်နေတုန်းး


မာယာ...

ဖြစ်နိုင်ရင် မှန်မကြည့်ပါနဲ့

သမိုင်းဆိုတာ စားကောင်းပေမယ့်

တစ်ခါတစ်ရံတော့ အဆိပ်သင့်တတ်တယ်...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...