Friday 13 May 2016

ကြယ်လေးတစ်ပွင့်ရဲ့အကြောင်း


ညတိုင်းငေးကြည့်မိတာ

နင်သတိပြုမိပါစေလို့ မဟုတ်ဘူး

ငါ့အလွမ်းတွေ သက်သာစေဖို့လေ...


ခူးယူဖို့ အစီအစဉ်မရှိပါ

အမြင့်ကြီးမှာ ရှိနေတဲ့နင့်ကိုငါကြည့်ရင်း

ပျော်ပါတယ်...


မဖြစ်နိုင်မှန်း သိပေမယ့်

ငါ့အတွက် ကြွေခဲ့ပေးမယ်ဆိုရင်

မနာကျင်ရအောင်

ရင်ဘက်ကြီးတစ်ခုလုံး ချခင်းပေးထားတယ်....။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...