Friday 13 May 2016

အဖြည့်ခံ


အလွမ်းတွေ ထိန်ထိန်သာတဲ့ညမှာ

ရင်ခွင်ပျောက် အနမ်းတစ်စုံ

ဘယ်မှာ နားခိုပါလိမ့်....

အိပ်မရတဲ့ ထောင့်တစ်ရာ့ညတွေ

လွယ်လွယ်မဟုတ်တောင်

အံတင်းဖြတ်ကျော်နေဆဲ...

သူ...

အနေဝေးလို့ သွေးအေးခဲ့ရင်

အခြားတစ်ယောက်နဲ့ ပျော်ရွှင်တတ်လာရင်

အရင်လို ရင်မခုန်တတ်တော့ရင်

နာကျင်နေရတောင် အလိုက်သိတတ်ဖို့

ကြိုးစားနေဆဲ....။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...