Friday 13 May 2016

ကြေမွသွားသော ကာရံများ


ရိုးသားတဲ့ စိတ်ဓါတ်တွေရိုက်ချိုးကာ အရောင်ဆိုးမလား ရတယ်..

ဒါပေမယ့် မင်းကလွဲရင် ဘယ်သူကိုမှ ချစ်တယ်လို့ ပြောမှာ မဟုတ်ဘူး

အထီးကျန်တဲ့ ငါ့ရဲ့ဘဝအားနည်းချက်တွေ.. လိုသလိုအသုံးချမလား ရတယ်..

ဒါပေမယ့် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး..

မင်းပျော်ဖို့ကိုပဲ စဉ်းစားမိတဲ့ငါ့ကို

ဟားး.. တိုက်.. ရယ်နေတယ်ဆို

ပျော်နေတယ်လို့ပဲယူဆလိုက်မယ်..

လျှို့ဝှက်ချက်တွေများတဲ့ ဘ၀ထဲ မခေါ်ချင်တာ သိတယ်

လာခဲ့မိတာ ငါ့ရဲ့ အပြစ်

နောင်တရလို့ပြောတာတော့ မဟုတ်ဘူး..

ငါရေးနေတဲ့ ကဗျာကို

နင်ကြိုက်သလို အဆုံးသတ်ပါ...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...