Friday 13 May 2016

နွေအိပ်မက်


ရာသီစက်ဝိုင်းရဲ့အမိန့်တော်အရ.. ရွက်ဝါတွေ ကြွေစေတဲ့အခါ..

အတာရေတွေနဲ့ ပူလောက်ခြင်းနိယာမကို ချေဖျက်စေတဲ့သူ

အပြာရောင်ခြုံထည်ဆင်မြန်းထားရုံနဲ့ တည်ငြိမ်တတ်သူ

လေပြေရိုင်းတွေနဲ့ နှုတ်ဆက်အနမ်းပေးတတ်သူ

ပိတောက်ရွှေဝါတွေကို အမြတ်တနိုးပန်ဆင်တတ်သူ

အိပ်တန်းပြန်တဲ့ကျေးငှက်တွေနဲ့ ညနေခင်းကို အလှဆင်သူ

နောက်ပြီး....

တစ်နှစ်မှာ တစ်ခါနားထောင်ရတဲ့ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်


ဧပရယ်ရေ...

တစ်ကယ်တော့မင်းက

အချစ်အကြောင်းရေးဖွဲ့ထားတဲ့ကဗျာတွေထက် ပိုလှပါတယ်..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...